ဓမ္မရဲ့ဝန်ထမ်း ဓမ္မရဲ့ဘက်တော်သား


သာသနာပြုတယ်ဆိုတာ မြတ်စွာဘုရား ၄၅ နှစ်သောကာလပတ်လုံးဟောကြားဆုံးမတော်မူခဲ့သော တရားတော်များကို ကိုယ်တိုင် လေ့လာ သင်ယူ ကျင့်ကြံပြီး လောကသားများဆီသို့ လက်ဆင့်ကမ်းသယ်ဆောင်ပေးတာလို့ နားလည်ကြည့်နိုင်ပါတယ်။


လောကသားများရဲ့ ပူဆွေးသောကကို ငြိမ်းအေးစေတဲ့ နှလုံးအေးတဲ့ဆေးကို လကါဆင့်ကမ်းပေးတဲ့ ပုဂ္ဂုလ်ကိုကျတော့ သာသနာပြုပုဂ္ဂိုလ်လို့ နားလည်ကြည်နိုင်ပါတယ်။  လေးလေးနက်နက်တွေးကြည့်တဲ့အခါ လေးနက်ပြီး အနှစ်သာရကို မြင်နိုင်တဲ့ ဉာဏ်စွမ်းတွေ ထက်မြက်လာတာကိုတွေ့ရပါလိမ့်မယ်။ 


ဓမ္မကို သယ်ဆောင်ပေးတဲ့ပုဂ္ဂိုလ် ဓမ္မကို လက်ဆင့်ကမ်းပေးတဲ့ ဓမ္မဝန်ထမ်း ကိုပဲ သာသနာ့ဝန်ထမ်းလို့ တစ်ခါ ထပ်ချဲ့ပြီး နားလည်ကြည့်နိုင်ပါတယ်။ 


ဓမ္မရဲ့သဘောတရားကို တကယ်သိမြင်တဲ့အခါ သံဃာကို ပုဂ္ဂိုလ်အနေနဲ့မမြင်တော့ဘူး။ ဆွေမျိုးအနေနဲ့မမြင်တော့ဘူး။ ဘယ်သူရဲ့သားဆိုတဲ့အမြင်နဲ့ မမြင်တော့ဘူး။


ဓမ္မကိုသယ်ဆောင်ပေးတဲ့ ဓမ္မဝန်ထမ်းလို့ မမြင်နိုင်သေးတဲ့အခါ သံဃာကို လူမျိုးတစ်မျိုးအနေနဲ့ မြင်တယ်။ ဆွေမျိုးအနေနဲ့မြင်တယ်။ 


သူ့လူမျိုး ကိုယ့်လူမျိုး သူ့ရွာသား ကိုယ့်ရွာသား အနေနဲ့ မြင်တဲ့အခါ သံဃာကို ကြည်ညိုတဲ့အဆင့်ကို မရောက်ဘဲ ပုဂ္ဂိုလ်ကို ချည်းကပ်တဲ့အဆင့်လောက်နဲ့ ရပ်တန့်နေပါတယ်။ 


ဓမ္မကို မိမိရင်ထဲသို့ရောက်အောင် သယ်ဆောင်လာပေးတဲ့ ဓမ္မဝန်ထမ်းလို့မြင်တဲ့ပုဂ္ဂိုလ်ကတော့ ဘုရားကိုလည်း မြင်တယ်၊ ဓမ္မကိုလည်းမြင်တယ်။ သံဃာကိုလည်းမြင်သွားတယ်။ ဘုရားကိုကြည်ညိုတတ်သွားတယ်။ ဓမ္မကိုလိုက်နာကျင့်သုံးတတ်သွားတယ်။ သံဃာကို ကိုးကွယ်ဆည်းကပ်တတ်သွားတယ်။ 


ဘုရားကိုကြည်ညိုတတ်မှ ဘုရားရဲ့ ဂုဏ်ကျေးဇူးတွေကို မြင်နိုင်တာပါ။ ဘုရားရဲ့ဂုဏ်ကျေးဇူးတွေကို သိနိုင်တာပါ။ 


ဓမ္မဆိုတာ ပုဂ္ဂိုလ်တစ်ဦးချင်းစီရဲ့ လူ့ယဉ်ကျေးမှု အဆင့်အတန်းကို မြှင့်တင်ပေးတဲ့ ဘဝနေထိုင်နည်း လမ်းညွှန်ကိုဆိုလိုတာပါ။ ငြိမ်းချမ်းတဲ့ ဘဝနေထိုင်နည်းကို ရရှိသွားသူက ဓမ္မရဲ့သဘောတရားကို အပြည့်နားလည်သွားပါပြီ။


သံဃာဆိုတာ မြတ်စွာဘုရားနဲ့ ဓမ္မကို လောကသားများဆီသို့ ကွင်းဆက်ပေး ၊ဆက်သွယ်ပေးတဲ့ အဖွဲ့အစည်း၊ သိခွင့်ပေးတဲ့ အဖွဲ့အစည်းလို့ မှတ်ယူနိုင်ပါတယ်။ 


ဘယ်အမျိုးအနွယ်ထဲက မွေးဖွားလာတဲ့ အမျိုးကောင်းသား အမျိုးကောင်းသမီး ဖြစ်စေ၊ သူ့ရဲ့အတွင်းသဏ္ဌာန်ထဲမှာ ငြိမ်းအေးမှုကို ရရှိနေပြီဆိုရင် သူဟာ ရတနာသုံးပါးကို ကိုင်းရှိုင်းသူ ဓမ္မရဲ့ဘက်တော်သား ဖြစ်သွားပါပြီ။ 


ဓမ္မရဲ့ဘက်တော်သား ဖြစ်သွားတဲ့အခါ  ဘယ်သူ့ကိုမှလည်း ကြောက်ရွံ့မှုမရှိတော့တဲ့သူ ဖြစ်သွားပါပြီ။ ဓမ္မဖက်မှာပဲ ရပ်တည်သွားပြီ။ 


ဒီတော့ လူတစ်ဦးချင်းစီမှာ ကိုယ်ပိုင်အသိဉာဏ်နဲ့ ဆန်းစစ်ခွင့်ကိုယ်စီရှိကြပါတယ်။


ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး မိန့်ကြားခဲ့တဲ့ " သူများပါးစပ်ဖျားမှာ လမ်းဆုံးမနေကြနဲ့၊ ကိုယ်တိုင်သိအောင် ကြိုးစားကြ၊ ကျင့်ကြံကြ ၊ အားထုတ် ကြ၊ ပွါးများကြ၊" ဆိုတာကလည်း တွေးကြည့်တိုင်း ထိထိမိမိရှိလွန်းလှပါတယ်။ ကျေးဇူးကြီးမားလှပါတယ်။ 


ကျေးဇူးတော်ရှင် ပဏ္ဍိတာရာမ ရွှေတောင်ကုန်းဆရာတော်ဘုရားကြီး သက်တော်ထင်ရှားရှိစဉ်အခါတုန်းက တရားစခန်းမှာ တရားဟောစဉ် မိန့်ကြားခဲ့တာကိုလည်း နှလုံးသားထဲ စွဲထင်စေပါတယ်။ 


"ဘုန်းကြီးတို့ပြောဆို သုံးနှုန်းတဲ့ ကျေးဇူးတော်ရှင်ဆိုတဲ့ အသုံးအနှုန်း သာမာန် လွယ်လွယ်ပေါ့ပေါ့ပါးပါးနဲ့ သုံးနှုန်းတာမဟုတ်ဘူးတဲ့။ ဓမ္မအသိကို ထိထိမိမိ စားသုံးခွင့် ကျင့်ကြံခွင့်ရအောင် သင်ပေးတဲ့အတွက်ကြောင့်မို့ ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးလို့ သုံးနှုန်းတာပါလို့ " မိန့်ကြားခဲ့သည်ကို ယနေ့ထိ ကြားယောင်နေဆဲပါ။ 


သူများတွေက ကျေးဇူးတော်ရှင်လို့ သုံးနှုန်းကြတာ ဘာကြောင့်ဆိုတာတော် မသိဘူး၊ ဘုန်းကြီးတို့ သုံးနှုန်းတဲ့ ကျေးဇူးတော်ရှင်ဆိုတာ သူများသုံးလို့ သုံးနှုန်းတာမဟုတ်ဘူး။ ဓမ္မကို ထိထိမိမိ သိအောင် သင်ကြားပေးနိုင်တဲ့ ဆရာဖြစ်တာကြောင့် ကျေးဇူးတော်ရှင်လို့ ကျေးဇူးတော်ရှင်လို့ သုံးနှုန်းတာပါတဲ့။ 


မှတ်မှတ်ရရတော့ ၂၀၁၆ ခုနှစ် ဒီဇန်နဝါရီ လထဲမှာ တရားစခန်း ဝင်ရောက် အားထုတ်စဉ်ကကျေးဇူးတော်ရှင် ရွှေတောင်ဆရာတော်ဘုရားကြီး

ဟောကြားတဲ့ တရားကို နာယူခဲ့ရစဉ်က စကား ယနေ့ထိ စွဲမြဲစွာ မှတ်မိနေပါတယ်။


"သူများပါးစပ်ဖျားလမ်းဆုံးသူကတော့ ဘယ်တော့မှ အမှန်ကို သိမြင်နိုင်မှာမဟုတ်ပါဘူး။ "


" သူများပါးစပ်ဖျားမှာ လမ်းဆုံးနေတဲ့ ပုဂ္ဂိုလ်အနေနဲ့ပဲ နေမှာလား" တရား ဂုဏ်တော်ထဲက သန္ဒိဋ္ဌိက ဂုဏ်တော် ဆိုတာ "ဓမ္မအရည်အသွေးကို ကိုယ်တိုင် ကိုယ်ကျ စားသုံးနိုင်တယ် " ဆိုတဲ့ဂုဏ်ရယူသူပဲ ဖြစ်အောင် လုပ်ယူမှာလားဆိုတာကတော့ မိမိမှာသာ  ရွေးချယ်ခွင့်ရှိပါတယ်။ 


စိန်ပေါလ်ဆရာတော် 

အရှင်ဝရဗုဒ္ဓိ(ဓမ္မခရီးဖော်)

(PhD-ကလနိယတက္ကသိုလ်၊ သီရိလင်္ကာ)


Mahamuni Theravada Buddhist Monastery, Saint Paul, USA


Jan 02, 2021


ဓမၼရဲ့ဝန္ထမ္း ဓမၼရဲ့ဘက္ေတာ္သား

သာသနာျပဳတယ္ဆိုတာ ျမတ္စြာဘုရား ၄၅ ႏွစ္ေသာကာလပတ္လုံးေဟာၾကားဆုံးမေတာ္မူခဲ့ေသာ တရားေတာ္မ်ားကို ကိုယ္တိုင္ ေလ့လာ သင္ယူ က်င့္ႀကံၿပီး ေလာကသားမ်ားဆီသို႔ လက္ဆင့္ကမ္းသယ္ေဆာင္ေပးတာလို႔ နားလည္ၾကည့္နိုင္ပါတယ္။


ေလာကသားမ်ားရဲ့ ပူေဆြးေသာကကို ၿငိမ္းေအးေစတဲ့ ႏွလုံးေအးတဲ့ေဆးကို လကါဆင့္ကမ္းေပးတဲ့ ပုဂၢဳလ္ကိုက်ေတာ့ သာသနာျပဳပုဂၢဳိလ္လို႔ နားလည္ၾကည္နိုင္ပါတယ္။  ေလးေလးနက္နက္ေတြးၾကည့္တဲ့အခါ ေလးနက္ၿပီး အႏွစ္သာရကို ျမင္နိုင္တဲ့ ဉာဏ္စြမ္းေတြ ထက္ျမက္လာတာကိုေတြ႕ရပါလိမ့္မယ္။ 


ဓမၼကို သယ္ေဆာင္ေပးတဲ့ပုဂၢိဳလ္ ဓမၼကို လက္ဆင့္ကမ္းေပးတဲ့ ဓမၼဝန္ထမ္း ကိုပဲ သာသနာ့ဝန္ထမ္းလို႔ တစ္ခါ ထပ္ခ်ဲ့ၿပီး နားလည္ၾကည့္နိုင္ပါတယ္။ 


ဓမၼရဲ့သေဘာတရားကို တကယ္သိျမင္တဲ့အခါ သံဃာကို ပုဂၢိဳလ္အေနနဲ႔မျမင္ေတာ့ဘူး။ ေဆြမ်ိဳးအေနနဲ႔မျမင္ေတာ့ဘူး။ ဘယ္သူရဲ့သားဆိုတဲ့အျမင္နဲ႔ မျမင္ေတာ့ဘူး။


ဓမၼကိုသယ္ေဆာင္ေပးတဲ့ ဓမၼဝန္ထမ္းလို႔ မျမင္နိုင္ေသးတဲ့အခါ သံဃာကို လူမ်ိဳးတစ္မ်ိဳးအေနနဲ႔ ျမင္တယ္။ ေဆြမ်ိဳးအေနနဲ႔ျမင္တယ္။ 


သူ႔လူမ်ဳိး ကိုယ့္လူမ်ိဳး သူ႔ရြာသား ကိုယ့္ရြာသား အေနနဲ႔ ျမင္တဲ့အခါ သံဃာကို ၾကည္ညိဳတဲ့အဆင့္ကို မေရာက္ဘဲ ပုဂၢိဳလ္ကို ခ်ည္းကပ္တဲ့အဆင့္ေလာက္နဲ႔ ရပ္တန႔္ေနပါတယ္။ 


ဓမၼကို မိမိရင္ထဲသို႔ေရာက္ေအာင္ သယ္ေဆာင္လာေပးတဲ့ ဓမၼဝန္ထမ္းလို႔ျမင္တဲ့ပုဂၢိဳလ္ကေတာ့ ဘုရားကိုလည္း ျမင္တယ္၊ ဓမၼကိုလည္းျမင္တယ္။ သံဃာကိုလည္းျမင္သြားတယ္။ ဘုရား

No comments:

Post a Comment